iPhone Password (၁၀) ကြိမ်မှားတာနဲ့ Data တွေ အကုန်ပျက်သွားအောင် ဘယ်လိုလုပ်မလဲ?

Personal Data တွေ အများဆုံးရှိနေတတ်တဲ့ ကိုယ့် iPhone မှာ ကိုယ့်ရဲ့ Privacy နဲ့ Security တွေ တခြားသူတွေဆီ မပေါက်ကြားသွားစေဖို့က အရေးကြီးဆုံးပါပဲနော်!
ဖုန်းပျောက်သွားလို့ ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့် ဖြစ်စေ ကိုယ့် iPhone ကို သူစိမ်းတစ်ယောက်က ရသွားပြီး Passcode အမှားတွေ ရိုက်ထည့်ကြည့်တဲ့အခါ Data တွေ ပျက်သွားအောင် လုပ်ထားလို့ရပါတယ်။
ဒီလိုပြုလုပ်ထားဖို့အတွက် Settings > Face ID & Passcode ထဲကို ဝင်ပြီး၊ အောက်ဆုံးက Erase Data ကို On ထားလိုက်ရုံပါပဲ။ ဒါဆိုရင် Passcode (၁၀) ကြိမ် မှားတာနဲ့ iPhone ထဲက Data တွေ အားလုံး အလိုအလျောက် ပျက်သွားမှာပါ။
လိုအပ်ရင် Data တွေ ပြန်ယူလို့ရအောင် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာတော့ iPhone ကို Backup လုပ်ထားဖို့ အကြံပေးပါရစေ။
အကယ်၍ ဖုန်းပျောက်သွားခဲ့ရင်တောင် ကိုယ့်ရဲ့ Personal Data တွေ လုံခြုံစေမယ့် နည်းလမ်းတစ်ခု ဖြစ်ပြီး၊ အရမ်းအသုံးဝင်တဲ့ Feature လေးဖြစ်လို့ သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ဦးနော်!
BACK TO TOP