Screen Time လျှော့မယ်ဆို iPhone ရဲ့ Grayscale Mode အကြောင်း သိပြီးပြီလား?

တကယ်တော့ Screen Time လျှော့ဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေမလိုအပ်ပါဘူး။ မိမိရဲ့အမြင်အာရုံကို မျိုးစုံဆွဲဆောင်နေတဲ့ အရောင်တောက်တောက် Screen မှ အဖြူနှင့်အမည်းသာပြတဲ့ Grayscale Mode လုပ်လိုက်ဖို့ဘဲလိုပါတယ်။
▪️ Grayscale Mode က အမြင်အာရုံကို ငြိမ်သက်စေပြီး Screen Time လျှော့နိုင်တာအပြင် ညဘက်ဖုန်းကြည့်တဲ့အခါ Blue Light တွေကြောင့် မျက်လုံးကျယ်တာမျိုး မဖြစ်စေတဲ့အတွက် အိပ်ရေးဝဝ အိပ်နိုင်ဖို့အတွက်လည်း အသုံးချနိုင်ပါသေးတယ်။
Grayscale Mode ကို အသုံးပြုမယ်ဆိုရင် Settings > Accessibility > Display & Text Size ထဲရောက်တဲ့အခါ အောက်ကို Scroll Down ပြုလုပ်ပြီး Color Filters ကို On ထားပေးရမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ Grayscale Mode ကို မိမိရဲ့ iPhone မှာ အသုံးပြုနိုင်ပါပြီ။
Grayscale Mode Shortcut အသုံးပြုပုံ..
▪️ Face ID ရတဲ့ iPhone X မှစ၍ Side Button ကို (3) ချက်နှိပ်လိုက်ပါ။
▪️ Home Button ပါတဲ့ iPhone Model တွေဆိုရင်တော့ Home Buttonကို (3) ချက်နှိပ်လိုက်ရုံပါဘဲ။
လွယ်လွယ်လေးနော်…👀
✔️Apple Product Specialist တွေမှ မျှဝေတဲ့ Apple Devices တွေနှင့် ပတ်သက်တဲ့ Tips & Tricks တွေကို သိချင်တယ်ဆိုရင် mDrive Facebook Pageကို Like&Follow လုပ်ထားအုံးနော်။
BACK TO TOP