No Products in the Cart
mDrive Wallet မှတစ်ဆင့် iPhone 18 Pro နှင့် iPhone 18 Pro Max Order ပြုလုပ်သူများသည် အောက်ပါ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဖတ်ရှု့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Order တင်ထားသူတိုင်း Terms & Conditions ကို သိရှိပြီးဖြစ်ကြောင်း mDrive ဘက်မှ မှတ်ယူပါသည်။
အထက်ပါအချက်များသည် အဓိက Order Information များသာဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် အောက်ပါ Terms & Conditions အားလုံးကို ဖတ်ရှုရန် လိုအပ်ပါသည်။
Customer တစ်ဦးလျှင် iPhone 18 Pro သို့မဟုတ် iPhone 18 Pro Max တစ်လုံးသာ Order တင်ခွင့်ရှိပါသည်။ Order limit ကို mDrive Wallet Member Account, Register ပြုလုပ်ထားသော ဖုန်းနံပါတ်နှင့် Customer Profile အပေါ်အခြေခံ၍ စစ်ဆေးနိုင်ပါသည်။ Duplicate Order သို့မဟုတ် တစ်ဦးတည်းမှ Account များစွာအသုံးပြု၍ Order များတင်ထားသည်ကို စစ်ဆေးတွေ့ရှိပါက Order များကို Cancel ပြုလုပ်နိုင်ပါသည်။
mDrive Wallet မှ Order တင်ပြီးခြင်းသည် ပစ္စည်းရရှိမည်ဟု အပြီးသတ်အာမခံခြင်း မဟုတ်ပါ။ Customer ၏ Order Status သည် Confirmed ဖြစ်ပြီး ရွေးချယ်ထားသော payment requirements များ ပြည့်စုံပြီးမှ Confirmed Order အဖြစ် သတ်မှတ်ပါမည်။
Customer သည် Order တင်ချိန်တွင် Model, Storage Capacity နှင့် ရရှိနိုင်သော Color ကို မှန်ကန်စွာ ရွေးချယ်ရန် လိုအပ်ပါသည်။ Order Confirmed ဖြစ်ပြီးနောက် Model / Storage / Color ပြောင်းလဲခြင်းသည် Stock Availability အပေါ် မူတည်ပြီး ပြောင်းလဲ ပြင်ဆင်ရန် ခက်ခဲသွားမည်ဖြစ်နိုင်ပါသည်။
Customer ရရှိမည့် Activation Gift သည် mDrive Wallet တွင် Order တင်ချိန်၌ ဖော်ပြထားသော Member Tier နှင့် Order တင်ထားသော iPhone Model အပေါ် အခြေခံ၍ သတ်မှတ်ပါမည်။ Order တင်ပြီးနောက် Member Tier ပြောင်းလဲသွားခြင်းကြောင့် Gift Tier ပြောင်းလဲပေးမည်မဟုတ်ပါ။
ဥပမာ — Order စတင်ချိန်တွင် Silver Member ဖြစ်ပြီး Order တင်ပြီးချိန်နောက် Silver Plus Member ဖြစ်သွားပါက Order တင်ချိန်တွင်ရှိသော Silver Member Tier နှင့် ရွေးချယ်ထားသော iPhone Model အတွက် သတ်မှတ်ထားသည့် Activation Gift ကိုသာ ရရှိမည်ဖြစ်ပါသည်။
Member Tier နှင့် ရွေးချယ်ထားသော iPhone Model အလိုက် Activation Gift များကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
AirPods Pro 3 + iPhone Original Cover + 20W Adapter
AirPods 5 (MagSafe) + iPhone Original Cover + 20W Adapter
AirPods Pro 3 + iPhone Original Cover + 20W Adapter
AirPods 5 (MagSafe) + iPhone Original Cover + 20W Adapter
AirPods Pro 3 + 20W Adapter
AirPods 5 (MagSafe) + 20W Adapter
AirPods Pro 3
AirPods 5 (MagSafe)
Payment ပြုလုပ်ရန်လိုအပ်သော Order များကို 25 September 2026 နေ့လည် ၂:၀၀ နာရီအထိ နောက်ဆုံးထား Payment ပြုလုပ်ရပါမည်။ ထိုသို့ ကြိုတင် Payment ပြုလုပ်ထားပါက Pick Up ပြုလုပ်သည့်အခါ အချိန်ပိုမိုမြန်ဆန်နိုင်မည်ဖြစ်ပါသည်။
Pay at Store ကို ရွေးချယ်ထားသော Customer များအနေဖြင့် 25 September 2026 ရက်နေ့တွင် လာရောက်ငွေပေးချေပြီး ပစ္စည်းထုတ်ယူရမည်ဖြစ်ပါသည်။ Yangon တွင် Pick Up ပြုလုပ်မည်ဆိုပါက mDrive @ City Mall တွင် လာရောက် Payment ပြုလုပ်ပြီး Pick Up ပြုလုပ်ရမည်ဖြစ်ပြီး Mandalay တွင် Pick Up ပြုလုပ်မည့် Customer များအနေဖြင့် mDrive @ Mandalay တွင် Payment ပြုလုပ်ပြီး Pick Up ပြုလုပ်နိုင်ပါသည်။
Prepaid / Confirm Order များအနေဖြင့် Yangon တွင် mDrive @ City Mall ၌ လာရောက် Pick Up ပြုလုပ်ရမည်ဖြစ်ပြီး Mandalay တွင် ပစ္စည်းထုတ်ယူမည့် Customer များအနေဖြင့် mDrive @ Mandalay တွင် Pick Up ပြုလုပ်နိုင်ပါသည်။
Customer များသည် 25 September 2026 ညနေ ၆:၀၀ နာရီအထိ နောက်ဆုံးထား သတ်မှတ်ထားသော Pickup Location တွင် ပစ္စည်းလာရောက်ထုတ်ယူရပါမည်။
25 September 2026 ညနေ ၆:၀၀ နာရီကျော်သည်အထိ လာရောက် Pickup မပြုလုပ်သော Order များကို Cancel ပြုလုပ်ပါမည်။ Payment ပြုလုပ်ပြီးသား Customer များ၏ Order Cancel ဖြစ်ပါက Refund ကို သတ်မှတ်ထားသော Refund Policy အတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး Refund များကို (၅ ရက်) အတွင်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
Activation Gift ရရှိရန် Pick Up ပြုလုပ်ချိန်တွင် မိမိ Device ကို Activation Area တွင် Activate ပြုလုပ်ရန်လိုအပ်ပါသည်။
Device ကို Activation မပြုလုပ်ဘဲ ယူဆောင်သွားပါက သက်ဆိုင်ရာ Activation Gift များကို ရရှိမည်မဟုတ်ပါ။ နောက်မှ ပြန်လာ၍ Activation Gift တောင်းယူခြင်းကို လက်ခံမည်မဟုတ်ပါ။
Pickup ပြုလုပ်ချိန်တွင် mDrive Wallet Account, Order Confirmation / Order Number, Registered Mobile Number နှင့် လိုအပ်သော Customer Verification Information များကို ပြသရန်လိုအပ်နိုင်ပါသည်။
Order ကို မူလ Customer ကိုယ်တိုင် လာရောက်ထုတ်ယူရန် အကြံပြုပါသည်။ အခြားသူအား ကိုယ်စားလာထုတ်ခွင့်ပြုမည်ဆိုပါက Order တင်ထားသော mDrive Wallet App ကို Log In ဝင်ရောက်ပြသရန် လိုအပ်ပါသည်။
Confirmed Order ကို အခြားသူထံ လွှဲပြောင်းခြင်း၊ Member Benefit သို့မဟုတ် Activation Gift ရရှိရန် Account / Order ကို အလွဲသုံးစားပြုခြင်းကို ခွင့်မပြုပါ။ Suspicious သို့မဟုတ် Fraudulent Activity တွေ့ရှိပါက Order ကို Verification ပြုလုပ်ခြင်း သို့မဟုတ် Cancel ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။
iPhone Model, Storage နှင့် Color တစ်ခုချင်းစီ၏ Stock သည် အကန့်အသတ်ရှိနိုင်ပါသည်။ Stock မလုံလောက်ပါက Allocation ကို Campaign မစတင်မီ ကြိုတင်သတ်မှတ်ထားသော Rule အတိုင်းသာ ဆောင်ရွက်မည်ဖြစ်ပါသည်။
System Error, Stock Allocation Error သို့မဟုတ် mDrive ဘက်မှ ဖြစ်ပေါ်သော အခြားအကြောင်းအရာတစ်ခုကြောင့် Confirmed Order ကို Fulfil မလုပ်နိုင်ပါက Customer ကို တိုက်ရိုက်အသိပေးမည်ဖြစ်ပြီး Payment ပြုလုပ်ပြီးသားဖြစ်ပါက သတ်မှတ်ထားသော Refund Policy အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
Activation Gift များကို Cash အဖြစ် လဲလှယ်ပေးမည်မဟုတ်ပါ။ Activation Gift များသည် Stock အကန့်အသတ်ရှိပါသဖြင့် မိမိ Order တင်ထားသော ပစ္စည်းများလာရောက်ထုတ်ယူချိန်တွင် Activation Gift များ လက်ကျန်မရှိတော့ပါက (၁၀ ရက်) အတွင်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။
Customer ၏ Internet Connection, Mobile Device, Payment Provider သို့မဟုတ် mDrive Wallet System တွင် မမျှော်လင့်ထားသော Technical Issue ဖြစ်ပေါ်ပါက Customer Service Team သို့ သတ်မှတ်ချိန်အတွင်း ဆက်သွယ်ရန်လိုအပ်ပါသည်။
Screenshot, Order Number, Payment Reference စသည့် အထောက်အထားများကို သိမ်းဆည်းထားရန် အကြံပြုပါသည်။
Order Status, Payment, Pickup နှင့် Campaign ဆိုင်ရာ အရေးကြီးအသိပေးချက်များကို Customer ၏ mDrive Wallet, Registered Mobile Number, SMS သို့မဟုတ် Official mDrive Communication Channel များမှ ပေးပို့မည်ဖြစ်ပါသည်။ Customer သည် Contact Information မှန်ကန်မှုရှိစေရန် တာဝန်ရှိပါသည်။
Promotion နှင့်သက်ဆိုင်သော Case များကို သတ်မှတ်ထားသော Terms & Conditions နှင့် Campaign Rules အတိုင်း စစ်ဆေးဆုံးဖြတ်မည်ဖြစ်ပါသည်။
mDrive Wallet မှတစ်ဆင့် Order တင်ခြင်းဖြင့် အထက်ဖော်ပြပါ Terms & Conditions များကို ဖတ်ရှုနားလည်ပြီး သိရှိထားသည်ဟု မှတ်ယူပါမည်။