mDrive Wallet မှတစ်ဆင့် iPhone 18 Pro နှင့် iPhone 18 Pro Max Reserve
ပြုလုပ်သူများသည် အောက်ပါ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ
ဖတ်ရှု့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Reserve တင်ထားသူတိုင်း
Terms & Conditions ကို သိရှိပြီးဖြစ်ကြောင်း mDrive ဘက်မှ
မှတ်ယူပါသည်။
1
Reserve Eligibility & Reserve Limit
Customer တစ်ဦးလျှင် iPhone 18 Pro သို့မဟုတ် iPhone 18 Pro Max
တစ်လုံးသာ Reserve ပြုလုပ်ခွင့်ရှိပါသည်။
Reserve limit ကို mDrive Wallet Member Account, Register ပြုလုပ်ထားသော
ဖုန်းနံပါတ်နှင့် Customer Profile အပေါ်အခြေခံ၍ စစ်ဆေးနိုင်ပါသည်။
Duplicate Reserve သို့မဟုတ် တစ်ဦးတည်းမှ Account များစွာအသုံးပြု၍
Reserve များတင်ထားသည်ကို စစ်ဆေးတွေ့ရှိပါက Reserve များကို
Cancel ပြုလုပ်နိုင်ပါသည်။
2
Reserve Confirmation
mDrive Wallet မှ Reserve တင်ပြီးခြင်းသည် ပစ္စည်းရရှိမည်ဟု
အပြီးသတ်အာမခံခြင်း မဟုတ်ပါ။
3
Product Selection
Customer သည် Reserve တင်ချိန်တွင် Model, Storage Capacity နှင့်
ရရှိနိုင်သော Color ကို မှန်ကန်စွာ ရွေးချယ်ရန် လိုအပ်ပါသည်။
Reserve Confirmed ဖြစ်ပြီးနောက် Model / Storage / Color ပြောင်းလဲခြင်းသည်
Stock Availability အပေါ် မူတည်ပြီး ပြောင်းလဲ ပြင်ဆင်ရန်
ခက်ခဲသွားမည်ဖြစ်နိုင်ပါသည်။
4
Customer Verification
Pickup ပြုလုပ်ချိန်တွင် mDrive Wallet Account, Reserve Confirmation /
Reserve Number, Registered Mobile Number နှင့် လိုအပ်သော Customer
Verification Information များကို ပြသရန်လိုအပ်နိုင်ပါသည်။
Reserve ကို မူလ Customer ကိုယ်တိုင် လာရောက်ထုတ်ယူရန် အကြံပြုပါသည်။
အခြားသူအား ကိုယ်စားလာထုတ်ခွင့်ပြုမည်ဆိုပါက Reserve တင်ထားသော
mDrive Wallet App ကို Log In ဝင်ရောက်ပြသရန် လိုအပ်ပါသည်။
5
Reservation Transfer / Resale
Confirm ဖြစ်ထားသော Reservation ကို အခြားသူထံ လွှဲပြောင်းခြင်း ခွင့်မပြုပါ။
Suspicious သို့မဟုတ် Fraudulent Activity တွေ့ရှိပါက Reservation ကို
Verification ပြုလုပ်ခြင်း သို့မဟုတ် Cancel ပြုလုပ်ခြင်းများ
ဆောင်ရွက်နိုင်ပါသည်။
6
Stock Availability & Allocation
iPhone Model, Storage နှင့် Color တစ်ခုချင်းစီ၏ Stock သည်
အကန့်အသတ်ရှိနိုင်ပါသည်။
7
mDrive Unable to Fulfil a Reserve
System Error, Stock Allocation Error သို့မဟုတ် mDrive ဘက်မှ
ဖြစ်ပေါ်သော အခြားအကြောင်းအရာတစ်ခုကြောင့် Confirmed Reserve ကို
Fulfil မလုပ်နိုင်ပါက Customer ကို တိုက်ရိုက်အသိပေးမည်ဖြစ်ပါသည်။
8
System / Network Issues
Customer ၏ Internet Connection, Mobile Device, Payment Provider
သို့မဟုတ် mDrive Wallet System တွင် မမျှော်လင့်ထားသော Technical Issue
ဖြစ်ပေါ်ပါက Customer Service Team သို့ သတ်မှတ်ချိန်အတွင်း
ဆက်သွယ်ရန်လိုအပ်ပါသည်။ Screenshot, Reserve Number စသည့်
အထောက်အထားများကို သိမ်းဆည်းထားရန် အကြံပြုပါသည်။
9
Communication
Reserve Status, Payment, Pickup နှင့် Campaign ဆိုင်ရာ
အရေးကြီးအသိပေးချက်များကို Customer ၏ mDrive Wallet, Registered Mobile
Number, SMS သို့မဟုတ် Official mDrive Communication Channel များမှ
ပေးပို့မည်ဖြစ်ပါသည်။ Customer သည် Contact Information
မှန်ကန်မှုရှိစေရန် တာဝန်ရှိပါသည်။
10
Pickup Period & Auto Cancellation
လူကြီးမင်း Reserve ပြုလုပ်ထားသည့် ပစ္စည်း အဆင်သင့်ဖြစ်လျှင်
mDrive ဘက်မှ SMS ဖြင့်သော်လည်းကောင်း, ဖုန်းခေါ်ဆိုခြင်းဖြင့်သော်လည်းကောင်း
ဆက်သွယ်ပေးမည်ဖြစ်ပြီး (24) နာရီအတွင်း
လာရောက်ထုတ်ယူခြင်းမရှိပါက Reservation Auto Cancel
ဖြစ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
11
Final Interpretation
Promotion နှင့်သက်ဆိုင်သော Case များကို သတ်မှတ်ထားသော
Terms & Conditions နှင့် Campaign Rules အတိုင်း
စစ်ဆေးဆုံးဖြတ်မည်ဖြစ်ပါသည်။